back

မန္တလေးတိုင်းဒေသကြီး၊ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

Mar 03 • 1:35 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်းဒေသကြီး၊ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆင်ဖြူကန်ကွင...

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆင်ဖြူကန်ကွင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူ ကြီးချုပ် ဒေါ်လှမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူ လယ်သမားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က သီးနှံစိုက်စွမ်းအားထူးချွန်ဆု၊ မိုးစပါးမျိုးစေ့ထုတ်တောင်သူထူးချွန်ဆု၊ စပါးစိုက်ပျိုုးထုတ်လုပ်မှုတောင်သူထူးချွန်ဆု၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လှမြင့် က ဂျုံစိုက်ပျိုးထုတ်လုပ်မှု တောင်သူထူးချွန်ဆု၊ မြေပဲထုတ်လုပ်မှူတောင်သူထူးချွန်ဆု၊ နေကြာမျိုးစေ့ထုတ် တောင်သူထူးချွန်ဆု၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက နေကြာစိုက်ပျိုး ထုတ်လုပ်မှုတောင်သူထူးချွန်ဆု၊ မိုးနှမ်းစိုက်ပျိုးထုတ်လုတ်မှုတောင်သူထူးချွန်ဆု၊ ပဲတီးစိမ်းစိုက်ပျိုး ထုတ်လုပ်မှုတောင်သူထူချွန်းဆု၊ မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းက ကြက်သွန်နီစိုက်ပျိုး ထုတ်လုတ်မှုတောင်သူထူးချွန်ဆု၊ ချည်မျှင်ရှည်ဝါစိုက်ပျိုးထုတ်လုတ်မှု တောင်သူထူးချွန်ဆု၊ ပဲစဉ်းငုံစိုက်ပျိုး ထုတ်လုတ်မှုတောင်သူထူးချွန်ဆု စသည့်ဆုအသီးသီးတို့ကို ဆုရတောင်သူ လယ်သမားများထံ ပေးအပ်ချီးမြှင့်ခဲ့သည်။

news-view-count-icon

12