ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားကို ယနေ့ နံနက် (၈)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။ မိုးစပါး၊ ဆီမုန်ညှင်းသီးနှံ နှစ်သီးထပ် အမြင့်မားဆုံးစိုက်ပျိုးဆောင်ရွက်ခြင်း တောင်သူဆုရ ဇီးအွန်ကျေးရွာမှ တောင်သူ ဦးဒီးနဖုန်အားလည်းကောင်း၊ ဘက်စုံစိုက်ပျိုးရေးလုပ်ငန်း တစ်ဧကအထွက်နှုန်း အမြင့်မားဆုံး စိုက်ပျိုးဆောင်ရွက်ခြင်း တောင်သူဆုရ နောင်ခိုင်ကျေးရွာမှ တောင်သူ ဦးထွန်းထွန်းလင်းအားလည်းကောင်း၊ ဘက်စုံစိုက်ပျိုးရေးလုပ်ငန်း တစ်ဧက အထွက်နှုန်း အမြင့်မားဆုံး စိုက်ပျိုးဆောင်ရွက်ခြင်း တောင်သူဆုရ လန်းနို-၂ ကျေးရွာမှ တောင်သူ ဦးစိုင်းလှထွန်းအားလည်းကောင်း၊ ဘက်စုံစိုက်ပျိုးရေးလုပ်ငန်း တစ်ဧကအထွက်နှုန်းအမြင့်မားဆုံး စိုက်ပျိုးဆောင်ရွက်ခြင်း တောင်သူဆုရ ပန်းလှိုင်ရပ်ကွက်မှ တောင်သူ ဒေါ်စွဲ့အေးဟွမ်အားလည်းကောင်း၊ ဘက်စုံစိုက်ပျိုးရေးလုပ်ငန်းတောင်သူအများ စိုက်ပျိုးလာရန် စည်းရုံးနိုင်ခြင်း တောင်သူဆုရ ဟိုခိုရပ်ကွက်မှ တောင်သူ ဦးအားဖူအားလည်းကောင်း ဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
Mar 03 • 1:34 AM
Myanmar
Kachin
Share
| 10 | 0 | 0 | 0 |


