back

နယ်စပ်ဂိတ်ပိတ်ဆို့မှုနှင့် သွင်းကုန်ကန့်သတ်မှုများကြောင့် ရှမ်းပြည်နယ်တောင်းပိုင်းတွင် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်နေ

Mar 02 • 1:45 PM

breaking-news

Myanmar

Shan

cover

နယ်စပ်ဂိတ်ပိတ်ဆို့မှုနှင့် သွင်းကုန်ကန့်သတ်မှုများကြောင့် ရှမ်းပြည်နယ်တောင်းပိုင်းတွင် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ပင်လောင်း၊ ပင်းတယ၊ ရွာငံ၊ ဟိုပုံး၊ ဆီဆိုင်၊ အောင်ပန်း၊ ညောင်ရွေ စသည့်မြို့များတွင် နယ်စပ်ဂိတ်များ ပိတ်ဆို့ကန့်သတ်ထားမှုကြောင့...

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ပင်လောင်း၊ ပင်းတယ၊ ရွာငံ၊ ဟိုပုံး၊ ဆီဆိုင်၊ အောင်ပန်း၊ ညောင်ရွေ စသည့်မြို့များတွင် နယ်စပ်ဂိတ်များ ပိတ်ဆို့ကန့်သတ်ထားမှုကြောင့် လူအများစု မှီခိုနေရသည့် ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ အသည်း၊ အာရုံကြောနှင့် နှလုံးရောဂါဆေးများ ဈေးကွက်အတွင်း ဝယ်ယူ၍မရသဖြင့် လူနာများမှာ အခက်တွေ့နေကြသည်။၂၀၂၅ ခုနှစ်ဩဂုတ်လမှစ၍ လူသုံးကုန်နှင့် စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးကို တင်သွင်းခွင့် ပိတ်ပင်ခဲ့ပြီး၊ လက်ရှိတွင် ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်သွင်းမှုကိုသာ ခွင့်ပြုထားကာ လေကြောင်းနှင့် ကုန်းကြောင်းလမ်းများကို တင်းကြပ်စွာ ကန့်သတ်ထားကြောင်း သိရသည်။ ဆေးဝါးများပြတ်လပ်ခြင်းကြောင့် နယ်ဘက်ရှိဆေးရုံမျာနှင့် ကျေးလက်ဒေသရှိဆေးခန်းများတွင် ရက်လွန်နေသည့် ဆေးဝါးများအား ရက်ကိုလက်နှင့်ရေးပြီး ဆေးပေးနေခြင်းများ၊ ဆေးဆိုင်များတွင်လည်း ရက်လွန်(ဒိတ်)ကုန်နေသည့်ဆေးများအား ရောင်းချပေးနေခြင်းများရှိနေကြောင်း သိရသည်။




news-view-count-icon

12