တာချီလိတ်မြို့နယ်အတွင်းရှိ ဆီပန့်များတွင် ယနေ့ မတ်လ ၂ရက် နံနက်ပိုင်းမှ စတင်ကာ ဆိုင်ကယ်၊ ကားများ အများအပြား တန်စီးဝယ်ယူနေကြပြီး ပုံးဖြင့် ဝယ်ယူသူများကို မရောင်းတော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ယင်းအပြင် ရှမ်းပြည်အရှေ့ပိုင်းမှ အခြားမြို့နယ်များဖြစ်သည့် မိုင်းတုံ၊ မိုင်းပန်၊ မိုင်းဆတ် စသည့် မြို့နယ်များတွင်လည်း ယနေ့နံနက် စက်သုံးဆီဈေး တစ်လီတာလျှင် ကျပ် ၃၀၀မှ ၅၀၀ ကြား မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ရှမ်းပြည်အရှေ့ပိုင်းမှာ ပြည်မနှင့် လမ်းပန်းဆက်သွယ်ရေး ဝေးသည့်အတွက် ထိုင်းနိုင်ငံမှ တင်သွင်းသည့် စက်သုံးဆီကိုသာ မှီခိုနေရပြီး လက်ရှိတွင် ကျားဖြန့်ကိစ္စများကြောင့် ထိုင်းနိုင်ငံမှ တိုက်ရိုက်တင်သွင်းခွင့်မရဘဲ လာအိုနိုင်ငံမှတဆင့် ထိုင်းစက်သုံးဆီကို တင်သွင်းနေရခြင်းဖြစ်သည်။



