back

မင်းပြားတွင် ယာဥ်မတော်တဆဖြစ်၍ အသက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

Mar 02 • 1:18 PM

breaking-news

Myanmar

Rakhine

cover

မင်းပြားတွင် ယာဥ်မတော်တဆဖြစ်၍ အသက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ယမန့်နေ့ မတ်လ ၁ ရက်နေ့၊ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်ကယာဥ်မတော်တဆဖြစ်၍ သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံ...

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ယမန့်နေ့ မတ်လ ၁ ရက်နေ့၊ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်ကယာဥ်မတော်တဆဖြစ်၍ သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။ ဖြစ်စဥ်မှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး သဲ တင်ဆောင်လာသော FORLAND အမျိုးအစား ကားသည် မင်းပြားမြို့နယ်၊ တောင်ရှည်ပြင် (ချင်း) ရွာရှိ တောင်တက်ဂေါက်ကွေ့ အပေါ်သို့ မတက်နိုင်သဖြင့် နောက်ပြန်​အဆင်းတွင် အရှိန်းမထိန်းနိုင်ပဲ ကားလမ်းဘေးရှိ အသက် (၆၀) အရွယ် ဦးမောင်စိန်သာအား ဝင်တိုက်မိခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။၎င်းမတော်တဆမှုဖြစ်စဥ်ကြောင့် တောင်ရှည်ပြင်(ချင်း)ရွာက ဦးမောင်စိန်သာမှာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။




news-view-count-icon

16