မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးတွင်ကိန်းဝပ်စံပါယ်တော်မူလျက်ရှိသည့် ပေါ်တော်မူဘုရားငါးဆူ၏ အနောက်ဘက် မြစ်ဆိပ်အနီးတွင် ယနေ့ မတ်၂ရက်(တပေါင်းလပြည့်နေ့) နေ့လယ်ပိုင်းက စပါးအုံးမြွေကြီး(၄)ကောင်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မှတ်တမ်းထုတ်ပြန်ထားသည်။အဆိုပါ မြွေကြီးများကို တွေ့ရှိရသူများ၏ ဆက်သွယ်အကူအညီတောင်းလာသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ကူညီဖမ်းပေးခဲ့ပြီး ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုပါသည်။



