စင်ကာပူနိုင်ငံက Bukit Canberra Hawker Centre ဟာ အကူအညီလိုအပ်နေတဲ့ မိသားစုတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ဆန်ကီလိုဂရမ်ပေါင်း ၁၅,၀၀၀ လှူဒါန်းမယ့် အစီအစဉ်သစ်တစ်ခုကို စတင်လိုက်ပြီပဲဖြစ်ပါတယ်၊၊ဒီပရဟိတလှုပ်ရှားမှုကို မတ်လ ၁ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး လှူဒါန်းမယ့်ဆန်တွေကို ပရဟိတအဖွဲ့အစည်း ၁၅ ခုကတစ်ဆင့် ဝင်ငွေနည်းပါးတဲ့ မိသားစုတွေနဲ့ အထီးကျန်သက်ကြီးရွယ်အိုတွေဆီကို ဖြန့်ဝေပေးသွားမှာပါ၊၊ ဒီအခမ်းအနားကို ကျန်းမာရေးဝန်ကြီး Mr. Ong Ye Kung ကိုယ်တိုင် တက်ရောက်အားပေးခဲ့ပြီး Bukit Canberra Hawker Centre ကို စီမံခန့်ခွဲနေတဲ့ Canopy Hawkers Group က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်၊၊စီမံကိန်းအရ ဆန်တွေအပြင် တခြားလိုအပ်တဲ့ ကုန်စုံပစ္စည်းတွေပါဝင်တဲ့ "Care bags" ၅၀၀ ကိုလည်း ComCare နဲ့ CHAS Blue Card ကိုင်ဆောင်ထားသူတွေကို ဝေငှပေးခဲ့ပါတယ်၊၊ အဲဒီအိတ်ထဲမှာ ၂.၅ ကီလိုဂရမ်ပါ ဆန်အိတ်၊ ဆား၊ ကော်ဖီနဲ့ ဆော့စ်ဗူးတွေ ပါဝင်တာကြောင့် အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအသုံးစရိတ်ကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုစေမှာပါ၊၊



