back

ထိုင်းအမျိုးသမီး ဩစတြီးယားအမျိုးသား ၂ ဦးနှင့် တစ်ပြိုင်တည်း လက်ထပ်ခဲ့

Mar 02 • 4:46 AM

breaking-news

Thailand

Local News

cover

ထိုင်းအမျိုးသမီး ဩစတြီးယားအမျိုးသား ၂ ဦးနှင့် တစ်ပြိုင်တည်း လက်ထပ်ခဲ့

ထိုင်းနိုင်ငံ၊ ပရာခွန်းချိုင်ခရိုင်၌ အသက် ၃၇ ရှိ ဂစ်ဟု အများခေါ်ကြသော ဒေါင်ဒန်ကက်ဆာရိုဆိုသည့် ထိုင်းအမျိုးသမီးသည် ဩစတြီးယားသား ၂ ယောက်နှင့် တစ်ပြိုင်တည်း လက်ထပ်...

ထိုင်းနိုင်ငံ၊ ပရာခွန်းချိုင်ခရိုင်၌ အသက် ၃၇ ရှိ ဂစ်ဟု အများခေါ်ကြသော ဒေါင်ဒန်ကက်ဆာရိုဆိုသည့် ထိုင်းအမျိုးသမီးသည် ဩစတြီးယားသား ၂ ယောက်နှင့် တစ်ပြိုင်တည်း လက်ထပ်ခဲ့သည်။တေးရေး၊ တေးဆိုဟောင်းဖြစ်သည့် ဂစ်သည် ရိုမန်အမည်ရ ဩစတြီးယားရဲအရာရှိဟောင်း၊ မက်ကေးဆိုသော လက်ရှိ ဩစတြီးယားရဲအရာရှိတို့နှင့် မင်္ဂလာပွဲတစ်ခုတည်း၌ ထိုင်းမင်္ဂလာအစဉ်အလာ အတိုင်း လက်ကြိုးချည်နှောင်ကာ ၂ ယောက်၊ တစ်ယောက် လက်ထပ်ခဲ့ပြီး ခင်ပွန်း ၂ ယောက်စလုံး သည်လည်း သူငယ်ချင်းများ ဖြစ်နေသောကြောင့် အံ့ဩဘနန်းဖြစ်ရသလို ဝေဖန်မှုများလည်း ရှိလာခဲ့သည်။မင်္ဂလာပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ခြင်းဖြစ်ကာ အိမ်နီးနားချင်း၊ မိတ်ဆွေများ နှင့် ဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး နွေးထွေးစွာဖြင့် မင်္ဂလာပွဲ အောင်မြင်ပြီးနောက် သတို့သမီးသည် ခင်ပွန်း ၂ ယောက်နှင့်အတူ ရေကူးကန်အတွင်း ခုန်ဆင်းကာ ပျော်ပွဲဆင်ခဲ့သည်။ ထိုမင်္ဂလာပွဲအပြီး သတို့သမီး ဂစ်က ကမ္ဘာကြီးက တစ်ယောက်ချင်း မင်္ဂလာဆောင်သည်ကို မှတ်မိကြ မည် မဟုတ်ဘဲ ယခုလို ခင်ပွန်း ၂ ယောက်နှင့် မင်္ဂလာဆောင်မှုမျိုးကိုမူ မှတ်မိနေကြမည်ဟု ဟာသနှော ပြောသွားခဲ့သည်။

news-view-count-icon

13