back

စင်ကာပူ Upper East Coast Road တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးနဲ့ ကုန်တင်ကားတစ်စီး တိုက်မိမှုဖြစ်ပွားခဲ့

Mar 02 • 4:48 AM

breaking-news

Singapore

Local News

cover

စင်ကာပူ Upper East Coast Road တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးနဲ့ ကုန်တင်ကားတစ်စီး တိုက်မိမှုဖြစ်ပွားခဲ့

စင်ကာပူနိုင်ငံ၊ Upper East Coast Road မှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီးနဲ့ ကုန်တင်ကားတစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ပြီး အသက် ၇၀ ကျော် ယာဉ်မောင်းနဲ့ အသက် ၈၀ ကျော် ခရီးသ...

စင်ကာပူနိုင်ငံ၊ Upper East Coast Road မှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီးနဲ့ ကုန်တင်ကားတစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ပြီး အသက် ၇၀ ကျော် ယာဉ်မောင်းနဲ့ အသက် ၈၀ ကျော် ခရီးသည်အမျိုးသမီးတစ်ဦး ဆေးရုံတင်လိုက်ရပါတယ်၊၊ဒီမတော်တဆမှုဟာ မတ်လ ၁ ရက်နေ့ မနက် ၁၀ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ Upper East Coast Road ကနေ East Coast Road ဘက်ကို မောင်းနှင်လာစဉ် ဖြစ်ပွားခဲ့တာပါ၊၊ အခင်းဖြစ်ပွားရာနေရာကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေအရ SBS Transit ဘတ်စ်ကားဟာ လမ်းဘေးမှာ ထိုးရပ်နေပြီး ရှေ့လေကာမှန်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲအက်ပျက်စီးနေတာကို တွေ့ရပါတယ်၊၊ အနီးအနားမှာတော့ ကရိန်းလက်တံပါတဲ့ အနီရောင်ကုန်တင်ကားတစ်စီးကိုလည်း တွေ့ရှိရပြီး ယာဉ်တိုက်မှုပြင်းထန်တာကြောင့် ဘတ်စ်ကားမောင်းသူဟာ ကားခေါင်းခန်းအတွင်း ညပ်မိနေခဲ့ပါတယ်၊၊စင်ကာပူမြို့ပြကာကွယ်ရေးတပ်ဖွဲ့ (SCDF) က အခင်းဖြစ်နေရာကို အချိန်မီရောက်ရှိလာပြီး ဟိုက်ဒရောလစ် ကယ်ဆယ်ရေးကိရိယာတွေကို အသုံးပြုကာ ညပ်နေတဲ့ ယာဉ်မောင်းကို ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရပါတယ်၊၊ အသက် ၇၄ နှစ်အရွယ် ဘတ်စ်ကားမောင်းသူ အမျိုးသားနဲ့ အသက် ၈၁ နှစ်အရွယ် ဘတ်စ်ကားစီး ခရီးသည်အမျိုးသားတစ်ဦးတို့ဟာ ဒဏ်ရာတွေရရှိခဲ့ပေမဲ့ သတိရှိနေဆဲဖြစ်ပြီး သူတို့နှစ်ဦးလုံးကို Changi General Hospital ကို အရေးပေါ် ပို့ဆောင်ပေးခဲ့ရပါတယ်၊၊လက်ရှိမှာတော့ SBS Transit သယ်ယူပို့ဆောင်ရေးလုပ်ငန်းက တာဝန်ရှိသူတွေဟာ ထိခိုက်ဒဏ်ရာရသွားတဲ့ ခရီးသည်ကို ကူညီစောင့်ရှောက်ဖို့ ကြိုးစားနေသလို ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ပူးပေါင်းကူညီပေးနေပါတယ်၊၊

news-view-count-icon

7