(၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အနုပညာရှင်တွေကို ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်တွေ ချီးမြှင့်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။အလင်္ကာကျော်စွာဘွဲ့ကို အဆိုတော်တွေထဲက သန်းမြတ်စိုး၊ ကေတုဝင်းထွဋ်နဲ့ သရုပ်ဆောင် ခန့်စည်သူကို ချီးမြှင့်ခဲ့ပြီး လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ကို နေဝင်း၊ အေးချမ်းမောင်၊ မေမြင့်မိုရ်၊ ခြူးလေး၊ ဇာတ်ညွှန်းရေးဆရာ လင်္ကာညို၊ ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်) နဲ့ ဦးမိုးဟိန်း (သူရိယနေဝင်းမီဒီယာနဲ့ ဂျာနယ်) တို့ကို ချီးမြှင့်ခဲ့တာ တွေ့ရပါတယ်။လူမှုထူးချွန်တံဆိပ် (ဒုတိယအဆင့်) ကို သရုပ်ဆောင်တွေထဲက ငှက်ပျောကြော်၊ လူရွှင်တော် သွက်လက်၊ လူရွှင်တော် စူပါလင်းနဲ့ မီဒီယာထဲက ဦးဝဏ္ဏ (ခ) အွန်လိုင်းဝဏ္ဏ (Trend Journal)၊ နိုင်ဝင်းထွန်း (ခ) နောင်တော်လေး (Myanmar National Post)၊ ဦးကျော်စိုးဦး (People Media)၊ ဦးအောင်မိုးကျော် (မြန်မာ့ဂုဏ်သတင်းဌာန)၊ ဦးထူးမောင်မောင် (UNION Politics News)၊ ဒေါ်ခက်နှင်းဆု (Sniper Su)၊ ဒေါ်သဇင်ဦး (Thazin Oo/Truth Zone Online)၊ ဦးအောင်မင်း (Myanmar Hard Talk) တို့ကို ချီးမြှင့်ခဲ့ပါတယ်။ဆက်လက်ပြီး လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ကို အဆိုပညာရှင်တွေထဲက မနော၊ J Fire ၊ မေသက်ထားဆွေ၊ ဗီဗာဟိန်း၊ စိုးသီဟ၊ ဝိုင်းလမင်းအောင်၊ မေ့ချစ်သက်နဲ့ သရုပ်ဆောင်တွေထဲက နက္ခတ်၊ နေထူးနိုင်၊ ဇော်ဝင်းနိုင် (မန်း)၊ ဆင်မ၊ ခင်လှိုင်အပြင် တေးရေး/ဇာတ်ညွှန်းရေးဆရာ ဗညားရဲရင့်တို့ကို ချီးမြှင့်ခဲ့ပါတယ်။
တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အနုပညာရှင်တွေနဲ့ မီဒီယာသမားတချို့ကို ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်တွေ ချီးမြှင့်
Mar 02 • 3:42 AM
Myanmar
Local
Share
| 63 | 0 | 0 | 0 |


