ယနေ့ ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အနေဖြင့် နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒ-ဏ်ကျခံနေရသည့် အကျဉ်သား ၂၈၂၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၁၀ ဦးတို့ကို ပြစ်ဒ-ဏ် လွှတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အမိန့်ထုတ်ပြန်သည်။ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ကျခံရန်ကျန်ရှိနေသးသည့် ပြစ်ဒ-ဏ်များပါ ဆက်ကျခံရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ယခုကဲ့သို့ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။



