back

ချယ်လ်ဆီးနဲ့ပွဲမှာ နှလုံးခုန်ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဂိုးသမား ဒေးဗစ်ရာယာက ကယ်တင်ပေးခဲ့ကြောင်း အာတေတာ ပြောကြား

Mar 02 • 2:53 AM

breaking-news

Myanmar

International

cover

ချယ်လ်ဆီးနဲ့ပွဲမှာ နှလုံးခုန်ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဂိုးသမား ဒေးဗစ်ရာယာက ကယ်တင်ပေးခဲ့ကြောင်း အာတေတာ ပြောကြား

အာဆင်နယ်နည်းပြ အာတေတာက ချယ်လ်ဆီးနဲ့ပွဲမှာ နှလုံးခုန်ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဂိုးသမားဒေးဗစ်ရာယာက ကယ်တင်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပ...

အာဆင်နယ်နည်းပြ အာတေတာက ချယ်လ်ဆီးနဲ့ပွဲမှာ နှလုံးခုန်ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဂိုးသမားဒေးဗစ်ရာယာက ကယ်တင်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)မှာ အာဆင်နယ်အသင်းက ချယ်လ်ဆီးအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား နက်တို မိနစ်(၇၀)မှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ချယ်လ်ဆီးအသင်းက တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။ဒါပေမဲ့ ချယ်လ်ဆီးအသင်းက ချေပဂိုးရနိုင်တဲ့ အခွင့်အရေးရခဲ့ပြီး နာကျင်အချိန်ပိုမှာ ဂါနာချိုရဲ့ ကန်ချက်ကို ရာယာက ကာကွယ်နိုင်ခဲ့တာကြောင့် နှလုံးခုန်ရပ်တန့်လုနီးပါးဖြစ်ခဲ့ကြောင်း အာတေတာက ပြောကြားခဲ့တာပါ။

news-view-count-icon

25