အရှေ့အလယ်ပိုင်း အခြေအနေတွေကြောင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစပြီး အဓိက လေဆိပ် ၄ ခုမှာ လေကြောင်းခရီးစဉ် ၁၃၄ ခုကို ထိခိုက်ခဲ့တယ်လို့ ထိုင်းလေဆိပ်တွေရဲ့ အာဏာပိုင်အဖွဲ့ (AoT) က မတ်လ ၁ ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။ထိခိုက်ခဲ့တဲ့ ခရီးစဉ်တွေထဲက ၉၉ ခုကို ဖျက်သိမ်းခဲ့ပါတယ်။သုဝဏ္ဏဘူမိ လေဆိပ်မှာ ခရီးစဉ် ၅၉ ခု၊ ဒွန်မောင်းနဲ့ ချင်းမိုင် လေဆိပ်တွေမှာ ၂ ခုစီနဲ့ ဖူးခက် လေဆိပ်မှာ ၃၆ ခု ဖျက်သိမ်းခဲ့ရတယ်လို့ AoT ဥက္ကဋ္ဌ ပဝီနာ ဂျရိယသီတိပွန် က ပြောပါတယ်။လေကြောင်းလိုင်း အများအပြားက ထိုင်းနဲ့ အရှေ့အလယ်ပိုင်း ဒါမှမဟုတ် အနီးအနား ဝေဟင်နယ်မြေတွေကြား ပြေးဆွဲနေတဲ့ သူတို့ရဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ကြပါတယ်။ အဲဒီအထဲမှာ El Al Israel၊ Air Arabia၊ Emirates၊ Qatar Airways၊ Etihad၊ Gulf Air၊ World2fly နဲ့ Thai Air Asia X တို့ ပါဝင်ပါတယ်။
Mar 02 • 2:52 AM
Thailand
Local News
Share
| 29 | 0 | 0 | 0 |


