back

၂၁ ရာစုရဲ့ လာလီဂါအသက်ငယ်ဆုံးဟက်ထရစ်ရှင်အဖြစ် ယမားလ် မှတ်တမ်းဝင်

Mar 02 • 2:54 AM

breaking-news

Myanmar

International

cover

၂၁ ရာစုရဲ့ လာလီဂါအသက်ငယ်ဆုံးဟက်ထရစ်ရှင်အဖြစ် ယမားလ် မှတ်တမ်းဝင်

ဘာစီလိုနာတိုက်စစ်ကစားသမား ယမားလ်ဟာ ဗီလာရီးယဲလ်နဲ့ပွဲမှာ ကစားသမားဘ၀ ပထမဆုံးဟက်ထရစ် သွင်းယူခဲ့ပြီး ၂၁ ရာစုအတွင်း လာလီဂါအသက်ငယ်ဆုံးဟက်ထရစ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပ...

ဘာစီလိုနာတိုက်စစ်ကစားသမား ယမားလ်ဟာ ဗီလာရီးယဲလ်နဲ့ပွဲမှာ ကစားသမားဘ၀ ပထမဆုံးဟက်ထရစ် သွင်းယူခဲ့ပြီး ၂၁ ရာစုအတွင်း လာလီဂါအသက်ငယ်ဆုံးဟက်ထရစ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ယမားလ်ဟာ ၁၈ နှစ် ၂၃၀ ရက်သာ ရှိသေးပြီး ဗီလာရီးယဲလ်ဘက်ကို ပထမပိုင်းမှာ နှစ်ဂိုး၊ ဒုတိယပိုင်းမှာ တစ်ဂိုးသွင်းကာ ဟက်ထရစ်ရရှိခဲ့ပါတယ်။ယမားလ်မတိုင်ခင် ဘာစီလိုနာကစားသမားဖြစ်ခဲ့တဲ့ ဂျီယိုဗန်နီဒေါ့ဆန်းတို့စ်က ၂၀၀၈ ခုနှစ်မှာ ၁၉ နှစ် ၆ ရက်နဲ့ မှတ်တမ်းတင်ခဲ့တာဖြစ်တယ်။၎င်းအနေနဲ့ လာလီဂါသမိုင်းမှာ ပဉ္စမမြောက် အသက်ငယ်ဆုံးဟက်ထရစ်ရှင် ဖြစ်လာပြီး ထိပ်ဆုံးလေးဦးကတော့ ၁၉၃၀ ကျော်ကာလတွေက သွင်းယူခဲ့တာပါ။ဒါ့အပြင် ၁၉၆၇ ခုနှစ်ကတည်းက လာလီဂါမှာ ပထမဆုံး ၁၈ နှစ်သား ဟက်ထရစ်ရှင်လည်း ဖြစ်လာခဲ့တယ်။ယမားလ်ဟာ အခုရာသီ ပြိုင်ပွဲစုံ ၃၄ ပွဲကစား ၁၈ ဂိုးသွင်းကာ ပြီးခဲ့တဲ့ရာသီ သွင်းဂိုးအရေအတွက်နဲ့ တူညီခဲ့ပြီး ၂၁ ပွဲ လျော့နည်းခဲ့ပါတယ်။

news-view-count-icon

17