အရှေ့အလယ်ပိုင်း လေပိုင်နက်တွေပိတ်ထားတာကြောင့် ရန်ကုန်-ဒူဘိုင်းသွား လေယာဉ်ခရီးစဉ်များ မတ်လ(၃)ရက်နေ့အထိ ခေတ္တရပ်ဆိုင်းလိုက်ကြောင်း (Myanmar Airways International) MAI လေကြောင်းက ထုတ်ပြန်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်ခဲ့ပြီးအီရန်ရဲ့ ဒုံးကျည်လက်စားချေမှုတွေက ဒေသတွင်းတွင် လေပိုင်နက်တွေအပေါ် ရိုက်ခတ်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့အလုပ်အများဆုံး နိုင်ငံတကာ ခရီးသွားဗဟိုချက်ဖြစ်တဲ့ ဒူဘိုင်းအပါအဝင် အရှေ့အလယ်ပိုင်းဒေသတလွှား က အဓိကလေဆိပ်တွေကို ဖေဖော်ဝါရီ ၂၈ရက်ကစပြီး ပိတ်လိုက်ရပါတယ်။ တရက်ကို လေယာဉ်ခရီးစဉ် ၁၀၀၀ ကျော်ကို ကိုင်တွယ်တဲ့ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ အာရပ်ပင်လယ်ကွေ့နိုင်ငံတွေရဲ့ နေရာတွေကို အီရန်ရဲ့ လက်စားချေတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရပြီး လူလေးယောက် ဒဏ်ရာရခဲ့ပါတယ်။ အဘူဒါဘီနဲ့ ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်တွေလဲ ထိခိုက်ခဲ့ပါတယ်။ လေယာဉ်ခရီးစဉ်မြေပုံတွေမှာ အီရန်၊ အီရတ်၊ ကူဝိတ်၊ အစ္စရေးနဲ့ ဘာရိန်းနိုင်ငံတွေရဲ့ ကောင်းကင်ယံမှာ လေယာဉ်တွေ ကင်းမဲ့နေပါတယ်။ အာရှ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းက လေကြောင်းလိုင်းတွေလဲ ခရီးစဉ် အမြောက်အများကို ဖျက်သိမ်းတယ်လို့ ကြေညာခဲ့ပါတယ်။ 
Mar 02 • 2:50 AM
Myanmar
Local
Share
| 35 | 0 | 0 | 0 |


