back

ပုဂံဒေသသို့ ရုံးပိတ်ရက်များအတွင်း ခရီးသွားဝင်ရောက်မှု မျှော်လင့်ထားသလို ဖြစ်မလာသေးဟုဆို

Mar 02 • 2:48 AM

breaking-news

Myanmar

Mandalay

cover

ပုဂံဒေသသို့ ရုံးပိတ်ရက်များအတွင်း ခရီးသွားဝင်ရောက်မှု မျှော်လင့်ထားသလို ဖြစ်မလာသေးဟုဆို

ပုဂံရှေးဟောင်းယဥ်ကျေးမှုဒေသသို့ ယခုကဲ့သို့သော ဆက်တိုက်ပိတ်သည့် ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားဝင်ရောက်မှုမှာ မျှော်လင့်ထားသည်ထက် သိသိသာသာလျော့နည်းကျဆင်းနေသေးကြောင...

ပုဂံရှေးဟောင်းယဥ်ကျေးမှုဒေသသို့ ယခုကဲ့သို့သော ဆက်တိုက်ပိတ်သည့် ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားဝင်ရောက်မှုမှာ မျှော်လင့်ထားသည်ထက် သိသိသာသာလျော့နည်းကျဆင်းနေသေးကြောင်း ဒေသခံများထံမှ သိရသည်။လမ်းခရီးလုံခြုံရေးပိုင်းဆိုင်ရာခက်ခဲမှုနှင့် မကြာခဏလူပျောက်ဆုံးမှုကဲ့သို့သော အခြေအနေများကြောင့် စိုးရိမ်သူများပြား ခြင်းများဖြင့် ခရီးသွားဝင်ရောက်မှုထင်ထားသလို မဖြစ်သေးခြင်းလည်းဖြစ်သည်။"ဗျတ္တပန်းဆက်လမ်းကိုကြောက်ကြတာပေါ့၊ ပြဿနာအများဆုံးဖြစ်တာက အဲဒီလမ်းမှာပဲ၊ ဒီတစ်ခေါက် ရုံးပိတ်ရက်ကတော့ ဧည့်သည်အများကြီးနည်းတယ်၊ အရင်ကဆိုဒီလိုပိတ်ရက်တွေက ပုဂံမှာ လူတွေပြည့်နေတာလေ၊ အခုတော့ နည်းနည်းပါးပါးပဲရှိတာ"ဟု ညောင်ဦးမြို့ခံ ဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။ပြီးခဲ့သော တရုတ်နှစ်သစ်ကူးရုံးပိတ်ရက်အပါအဝင် ရက်သတ္တတစ်ပတ်နီးပါးကြာမြင့်သည့် အားလပ်ရက်အတွင်း ကလည်း ပုဂံ - ညောင်ဦးဒေသအတွင်းရှိ ဟိုတယ်နှင့်တည်းခိုခန်းအားလုံးနီးပါးတွင် အခန်းလွတ်များ များစွာရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။လက်ရှိတွင် သုံးရက်ဆက်တိုက်ပိတ်သော ရုံးပိတ်ရက်ကာလတွင်လည်း ခရီးသွားများ အများအပြားလာရောက်ရန် မျှော်မှန်းထားပြီး လိုအပ်သောပြင်ဆင်မှုများလုပ်ဆောင်ထားသော်လည်း ထင်ထားသလိုဖြစ်မလာသေးသော အခြေအနေမျိုးကို ကြုံရခြင်းလည်းဖြစ်သည်။

news-view-count-icon

23