အီရန်အား အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်၌ စစ်ရေးအရ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အပေါ် တရုတ်နိုင်ငံက အလွန်အမင်း စိုးရိမ်ကြောင်း ကုလသမဂ္ဂ (UN) ဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ပြောကြားခဲ့သည်။ သက်ဆိုင်ရာ နိုင်ငံအားလုံးအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူဝါဒများနှင့် ရည်ရွယ်ချက်များအား လိုက်နာသင့်သည်ဟူသော အချက်ကို တရုတ်နိုင်ငံက အစဉ်တစိုက် ထောက်ခံအားပေးကာ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်၌ အင်အားသုံးခြင်း သို့မဟုတ် အင်အားသုံး၍ ခြိမ်းခြောက်ခြင်းကို ဆန့်ကျင်ရှုတ်ချကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌ ဖုက ပြောကြားခဲ့သည်။ "အီရန်နဲ့ ဒေသတွင်းက တခြားနိုင်ငံတွေရဲ့အချုပ်အခြာအာဏာ၊ လုံခြုံမှု၊ နယ်မြေပိုင်နက် ပြည့်စုံမှုတို့ကို လေးစားရမှာဖြစ်တယ်လို့ တရုတ်နိုင်ငံက အလေးအနက်ပြောကြားလိုပါတယ်" ဟု ၎င်းက ပြောသည်။အဆိုပါ ပဋိပက္ခကြောင့် အရပ်သား ထိခိုက်သေဆုံးမှု အများအပြားရှိနေသည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် အလွန်အမင်း ဝမ်းနည်းမိကြောင်း၊ စစ်ရေးပဋိပက္ခများတွင် အရပ်သားများကို အမြဲတစေ အကာအကွယ်ပေးရမည့် အနီရောင်စည်းကို ကျော်လွန်ခြင်းမပြုသင့်သလို မဆင်မခြင် အင်အားသုံးခြင်းကိုလည်း လက်သင့်မခံကြောင်း တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က ပြောကြားခဲ့သည်။ 
တရုတ်နိုင်ငံအနေဖြင့် အီရန်အား အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများအပေါ် အလွန်အမင်း စိုးရိမ်ကြောင်း တရုတ်သံတမန် ပြောကြား
Mar 02 • 2:47 AM
China
Local News
Share
| 20 | 0 | 0 | 0 |


