ယနေ့ မတ်လ ၂ရက်(တပေါင်းလပြည့်နေ့) နံနက်အာရုဏ်တက်ချိန်တွင် မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရေတော်ဆရာတော်အမှူးပြု၍ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့က မျက်နှာသစ်တော်ရေဆက်ကပ်ပြီးနောက် ဘုရားဖူးပြည်သူများ လာရောက်ဆက်ကပ်ကြသည့် ဆွမ်း၊ ပန်းရေချမ်းနှင့် သစ်သီးဆွမ်းများကို ကပ်လှူပူဇော်နေသည့် မြင်ကွင်းများဖြစ်သည်။တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ်သည်။ တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ တပေါင်းလ၏ ပထမလဝက်သည်ဆောင်းရာသီတွင် ကျရောက်သည်။ ဒုတိယလဝက်ကား နွေရာသီတွင် ကျရောက်သည်။ ဆောင်းကုန် နွေအစ သာယာလှပသော လရာသီဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက် စာဆိုတို့သည် တပေါင်းလ၏အလှကို ရေးဖွဲ့ကြသည်မှာယနေ့တိုင်ဖြစ်သည်။ တပေါင်းလသည် ရာသီဥတု သာယာသည်နှင့်အမျှ သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။
ယနေ့ တပေါင်းလပြည့်နေ့၌ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ ဘုရားဖူးများလာရောက်ကာ ဆွမ်း၊ ပန်းရေချမ်းနှင့် သစ်သီးဆွမ်းများကို ကပ်လှူပူဇော်
Mar 02 • 2:00 AM
Myanmar
Mandalay
Share
| 21 | 0 | 0 | 0 |


