back

ပြည်တွင်း၌ တစ်ရက်အတွင်း ရွှေဈေး သုံးသိန်းကျော်မြင့်တက်

Mar 02 • 1:35 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ တစ်ရက်အတွင်း ရွှေဈေး သုံးသိန်းကျော်မြင့်တက်

အင်အားကြီးနိုင်ငံများကြား စစ်ရေးပဋိပက္ခအခြေအနေကြောင့် ကမ္ဘာ့ရွှေဈေးကွက် မတည်မငြိမ်ဖြစ်ပြီး အတက်အကျ ကြမ်းနိုင်သလို ကမ္ဘာ့ငွေဈေးနှင့် ရေနံဈေးများလည်း အတက်ဘက်သို့ ...

အင်အားကြီးနိုင်ငံများကြား စစ်ရေးပဋိပက္ခအခြေအနေကြောင့် ကမ္ဘာ့ရွှေဈေးကွက် မတည်မငြိမ်ဖြစ်ပြီး အတက်အကျ ကြမ်းနိုင်သလို ကမ္ဘာ့ငွေဈေးနှင့် ရေနံဈေးများလည်း အတက်ဘက်သို့ သွားနိုင်ခြေရှိသည်ဟုလည်း ဈေးကွက်လေ့လာသူများက သုံးသပ်ကြသည်။ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် တစ်ရက်အတွင်း ရွှေဈေး သုံးသိန်းကျော်မြင့်တက်ခဲ့ပြီး ယနေ့ မတ်လ ၁ ရက်နေ့ ညနေပိုင်းတွင် ပြင်ပပေါက်ဈေးအရ ၁၆ ပဲရည်ရွှေ ၁ ကျပ်သားဈေးနှုန်း တစ်ရာ့ဆယ့်နှစ်သိန်း ၁၁,၂၀၀,၀၀၀ အထိရှိနေသည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။လက်ရှိတွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ ဒေါ်လာ ၅၂၈၀ ဝန်းကျင်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး တစ်ရက်အတွင်း တစ်အောင်စ ဒေါ်လာ ၁၀၀ နီးပါးမြင့်တက်လာခြင်းဖြစ်သည်။

news-view-count-icon

30