back

ရှမ်းပြည်နယ်၌ (၇၇)ကြိမ်မြောက်ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် အကပဒေသာပြိုင်ပွဲကျင်းပ

Mar 02 • 1:35 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၌ (၇၇)ကြိမ်မြောက်ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် အကပဒေသာပြိုင်ပွဲကျင်းပ

အထူးဒေသ(၆)၊ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ် နမ့်ဟူးကျေးရွာအုပ်စု ကက္ကူရွာရှိ မွေတော်ကက္ကူဘုရားတွင် ယမန်နေ့ည (၆)နာရီ အချိန်မှစတင်၍ အကပဒေသာပြိုင်ပွဲကျင်း...

အထူးဒေသ(၆)၊ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ် နမ့်ဟူးကျေးရွာအုပ်စု ကက္ကူရွာရှိ မွေတော်ကက္ကူဘုရားတွင် ယမန်နေ့ည (၆)နာရီ အချိန်မှစတင်၍ အကပဒေသာပြိုင်ပွဲကျင်းပခဲ့ကြောင်းသိရသည်။ရှေဦးစွာအခမ်းအနားတွင် “ပအိုဝ်ႏသွီႏ၊ခမ်းရင်သား၊တသွီႏချင်ဗွန်ပီ”စသည့်သီချင်းများဖြင့်ဖွင်လှစ်ခဲ့ပြီး ထိုပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ ပအိုဝ်းရိုးရာယဥ်ကျေးမှုအမွေအနှစ်များ မပပျောက်စေရန်၊ ပအိုဝ်းရိုးရာယဥ်ကျေးမှုများကို နိုင်ငံတကာသိရှိစေရန်နှင့် နောင်လာနောက်သားများ ရိုးရာအမွေအနှစ်များကို ထိန်းသိမ်းတတ်စေရန်ဖြစ်ပြီး၊ ၎င်းပြိုင်ပွဲ၏ယနေ့ညအစီစဥ်“ပအိုဝ်းရိုရာခေတ်ပေါ်အက (၁၅)ဖွဲ့”၊ ပအိုဝ်းရိုးရာအိုးစည်အက(၁၁)ဖွဲ့၊ ပအိုဝ်းအမျိုးသားနေ့ကိုဂုဏ်ပြု ကပြသောအဖွဲ့ (၁၉)ဖွဲ့ စုစုပေါင်းအက (၄၅)ဖွဲ့ပါရှိပြီး ပြိုင်ပွဲအနေ့ဖြင့် ၆ပုဒ်ပါရှိကြောင်းလည်းသိရသည်။အဆိုပါပြိုင်ပွဲဆုကြေးကို ပထမဆု ၅သိန်း ၊ဒုတိယဆု ၄သိန်းခွဲ၊ တတိယဆုကို ၄သိန်းနှုန်းဖြင့်သတ်မှတ်ထားကြောင်းလည်းသိရသည်။

news-view-count-icon

50