ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်ႏကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ် နောင်တရားမြို့ မှာ (၇၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ နှင့်စန္တာႏခမ်းရုမ်း(၇)နှစ်ပြည့်ပွဲတော်ကို ယမန်နေ့ တပေါင်းလဆန်း (၁၄)ရက်(၁−၃−၂၀၂၆)တနင်္ဂနွေနေ့ ည (၆:၃ဝ)နာရီအချိန်တွင် အခမ်းအနားဖွင့်ပွဲ ခမ်းနားစွာ ကျင်းပခဲ့ကြောင်း သိရသည်။အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဒု-ဉက္ကဌဖြားတန်ခွန်မောင်သောင်း စန္တာႏခမ်း ခမ်းဗွေႏဖြားခွန်လှဆန်းပင်လောင်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် နင်ႏလုံခမ်ꩻ ၊ရှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ် ခွန်ဖိုးစိန် ၊ပင်လောင်းမြို့နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုဉက္ကဌခွန်ဝင်းနောင် ၊နောင်တရားမြို့နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ခွန်ထွန်းရွှေ စန္တာႏခမ်းရုမ်းပွဲဖြစ်မြောက်ရေးကော်မတီဒု−ဉက္ကဌဒေါက်တာခွန်စိုးမိုးကျော်၊ပင်လောင်းမြို့နယ်ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဌဖြားခွန်အောင်ခိုင်၊နောင်တရားမြို့နယ်ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဌဖြားခွန်အောင်သိန်းနှင့် ပွဲကျင်းပရေးကော်မတီများ၊ဒေသခံမိဘပြည်သူများ၊ ပအိုဝ်းရိုးယာ ယဉ်ကျေးမှုအကအဖွဲ့များ နေရာယူခဲ့ကြပြီး စန္တာႏခမ်းတာဝန်ရှိပုဂ္ဂိုလ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။



