အမေရိကန်နှင့်အစ္စရေးတို့က အီရန်နိုင်ငံကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး အီရန်ကလည်း အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်စခန်းများကို တန်ပြန်တိုက်ခိုက်ခဲ့ရာ အဆိုပါဒေသများသို့ ရောက်ရှိနေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားထောင်ချီမှာလည်း စစ်ဘေးဒဏ်သင့်နေကြောင်း မြန်မာအလုပ်သမားများက ပြောဆိုသည်။ လက်ရှိ ယူအေအီး၊ ဆော်ဒီနှင့် အရှေ့အလယ်ပိုင်းဒေသရှိ အလုပ်များအားလုံးကို ယာယီ ရပ်နားထားလိုက်ပြီး နေအိမ်များတွင်သာ နေထိုင်ကြရန် အစိုးရများက သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။ အစ္စရေးနိုင်ငံတွင် ရောက်ရှိနေသော စိုက်ပျိုးရေးကျွမ်းကျင်သူ မြန်မာနိုင်ငံသား ကိုထက်ကမူ အစ္စရေးတွင်လည်း အလုပ်များအားလုံး ရပ်နားလိုက်ထားလိုက်ပြီး အစိုးရနှင့် ဒေသ အာဏာပိုင်များက ဗုံးခို ကျင်း Shelter များတွင် သွားရောက် ခိုလှုံနေရကြောင်း ပြောဆိုသည်။
Mar 02 • 1:32 AM
Myanmar
International
Share
| 41 | 0 | 0 | 0 |


