back

အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ နောက်ဆုံးနေ့ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ သူများယှဉ်ပြိုင်

Mar 01 • 4:04 PM

breaking-news

Myanmar

Yangon

cover

အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ နောက်ဆုံးနေ့ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ သူများယှဉ်ပြိုင်

ယနေ့ မတ်လ ၁ ရက်တွင် မြန်မာနိုင်ငံရဲ့အကြီးကျယ်အခမ်းနားဆုံး အခြေခံပညာအလယ်တန်းအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ယှဉ်ပြိုင်ကျင်းပလျက်ရှိသည်။ ထို့...

ယနေ့ မတ်လ ၁ ရက်တွင် မြန်မာနိုင်ငံရဲ့အကြီးကျယ်အခမ်းနားဆုံး အခြေခံပညာအလယ်တန်းအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ယှဉ်ပြိုင်ကျင်းပလျက်ရှိသည်။ ထို့အပြင် ပြိုင်ပွဲကျင်းပရာနေရာတွင် Astronomy Section ၊ Space Exploration ၊ STEM Section စသည့် Exhibition (၃) ခုဖြင့် အာကာသဆိုင်ရာ ဗဟုသုတဖြစ်ဖွယ် စိတ်ဝင်စားစရာအကြောင်းအရာတွေကို ခင်းကျင်းပြသထားကာ၊ ဂိမ်းဆော့နိုင်မည့် Section များ၊ အာကာသထဲရောက်ရှိနေသလိုခံစားသက်ဝင်နိုင်မည့် VR များနှင့် လက်တွေ့သရုပ်ဖော်ကြည့်ရှုနိုင်မည့် Simulator များတွင် လေ့လာလိုသည့် ကျောင်းသား/သူများမှ လာရောက်ကြည့်ရှု လေ့လာစမ်းသပ်ခဲ့သည်။ ပြိုင်ပွဲအား ကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနှင့် အာကာသပြတိုက် (ရန်ကုန်) တို့မှ ပြည်သူ့ရင်ပြင်တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်ထိ ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။




news-view-count-icon

30