back

“ထပ်မံဆောက်လုပ်ပြီးစီးသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အဆောက်အအုံငါးလုံးငှားရမ်းခွင့်ကို မဲနှိုက် ရွေးချယ်ပေးမည်”

Mar 01 • 4:03 PM

breaking-news

Myanmar

Yangon

cover

“ထပ်မံဆောက်လုပ်ပြီးစီးသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အဆောက်အအုံငါးလုံးငှားရမ်းခွင့်ကို မဲနှိုက် ရွေးချယ်ပေးမည်”

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(တောင်ပိုင်း)မြို့နယ် သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံဆောက်လုပ် ပြီးစီးသည့် အဆောက်အအုံငါးလုံးကို ငှားရမ်းခွင့်ရရှိသူများအား မဲနှိုက်ရွ...

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(တောင်ပိုင်း)မြို့နယ် သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံဆောက်လုပ် ပြီးစီးသည့် အဆောက်အအုံငါးလုံးကို ငှားရမ်းခွင့်ရရှိသူများအား မဲနှိုက်ရွေးချယ်ပေးမည်ဖြစ်ကြောင်း သုခဒဂုံပြည်သူ့ အငှားအိမ်ရာစီမံကိန်းမှ သိရပါတယ်။ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံဆောက်လုပ်ပြီးစီးသည့် အဆောက်အအုံငါးလုံးကို ပြည်သူများအတွက် တစ်လုံး၊ ဝန်ထမ်းများအတွက်လေးလုံး ငှားရမ်းခွင့်ပြုမှာဖြစ်ပါတယ်။ မဲနှိုက်ခွင့်ရရှိသူ ပြည်သူနှင့် ဝန်ထမ်းများအား သက်ဆိုင်ရာမှ ဆက်သွယ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ 

သုခဒဂုံပြည်သူ့အငှားအိမ်ရာကို နေထိုင်ရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများကို ငါးနှစ်တာကာလ ငှားရမ်းနေထိုင်ခွင့်ပြုထားသော်လည်း အဆိုပါပြည်သူ့အငှား အိမ်ရာများကို ထပ်ဆင့်ငှားရမ်းသူများအား နေထိုင်ခွင့်ပယ်ဖျက်ပြီး စိစစ်အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အိမ်ရာစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။


news-view-count-icon

17