ရန်ကုန်မြို့နေ ကိုဝေယံဦး အပါအဝင် သုံးဦးဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပုဂံမြို့သို့ အယ်လ်ဖတ်ကားနဲ့ အလည်အပတ် သွားခဲ့ကြပြီး ၁၅ ရက်နေ့မှာ မှတ်ပုံတင်နဲ့ ခရီးဆောင်အိတ်များကို ဟိုတယ်မှာ ထားခဲ့ပြီး အလည်အပတ်ထွက်ရင်းနဲ့ ပျောက်ဆုံးသွားခဲ့တာလို့ သိရပါတယ်။ဒါပေမယ့် အဲဒီ လူ သုံးဦးထဲမှာ ပါဝင်တဲ့ အထက်တန်းရှေ့နေဆိုသူဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ မှော်ဘီမှာ တရားစခန်းဝင်နေတယ်လို့ တင်ခဲ့တာ ဖြစ်ပါတယ်။ "လူမေ၊သဘဲ ကိလေသာေ၊သအောင် ဖုန်းပိတ်ထားမိတာပါ" လို့လည်း ရေးထားပါတယ်။အဲဒါကြောင့် ပုဂံမှာ ကားတစီးနဲ့ လူ သုံးဦး ပျောက်ဆုံးသွားတာဟာ တကယ် မဟုတ်ဘူးလား။ အကြောင်း တခုခုကြောင့် အထက်တန်းရှေ့နေက အမှန်ကို မပြောတာလား၊ စတဲ့ ပဟေဠိများစွာ ကျန်ရစ်နေပြီး လူမှုကွန်ရက် သုံးစွဲသူတွေ မျက်စိလည်နေကြပြီ ဖြစ်ပါတယ်။



