ထိပ်တန်းနိုင်ငံတကာတက္ကသိုလ်နှင့် ကောလိပ်များပါဝင်ပြသဆွေးနွေးပေးသည့် အခမဲ့ နိုင်ငံတကာပညာရေးပြပွဲကို ယနေ့ မတ် ၁ ရက်နေ့လည် ၁ နာရီက ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ကျင်းပခဲ့သည်။အဆိုပါ ပညာရေးပြပွဲကို Information Hub of Myanmar နှင့် IHM International College တို့မှကြီးမှူး၍ Study Abroad Beyond Education, Migration and Scholarship Fair 2026 နိုင်ငံတကာပညာရေးပြပွဲအဖြစ်ကျင်းပခြင်းဖြစ်ကာ ယူကေ၊ ဂျာမနီ၊ စပိန်၊ ဆွတ်ဇာလန်၊ မလေးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့အပါအဝင် နိုင်ငံအများအပြားမှ ထိပ်တန်းတက္ကသိုလ်များ၊ ကောလိပ်များက ပညာသင်ဆုအခွင့်အလမ်းများ၊ ကျောင်းလျှောက်ရန်လိုအပ်သည့် Entry Requirements များအား အသေးစိတ်ဆွေးနွေးပေးခဲ့ကြသည်။ထို့ပြင် ပြပွဲ၌ ကျောင်းဝင်ခွင့်လျှောက်ထားသူများအ တွက် သက်ဆိုင်ရာတက္ကသိုလ်များမှ မိမိဝါသနာပါသည့် မေဂျာအားရှာဖွေပေးမည့် Career Testing Workshop နှင့် ပညာသင်ဆုတစ်ခုရရရှိရန် လက်တွေ့ပြင်ဆင်ပေးမည့် Workshop များလည်းပြုလုပ်ပေးခဲ့ကြကာ ကံစမ်းမဲအစီအစဥ်များကိုလည်းထည့်သွင်း ပေးခဲ့သည်။



