back

ရှမ်းပြည်တောင်ပိုင်းတွင် ညအပူချိန် လျော့နည်းနိုင်၊ ညနှင့်နံနက်အစောပိုင်း ဆက်လက် အေးမည်

Mar 01 • 12:55 PM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်တောင်ပိုင်းတွင် ညအပူချိန် လျော့နည်းနိုင်၊ ညနှင့်နံနက်အစောပိုင်း ဆက်လက် အေးမည်

ရှမ်းပြည်နယ်အတွင်း ယခုတစ်ပတ် မတ်လ (၆) ရက်နေ့အထိ ညအပူချိန်များ လျော့နည်းနိုင်ပြီး ညနှင့်နံနက်အစောပိုင်းအချိန်များတွင် ဆက်လက်အေးမြနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝ...

ရှမ်းပြည်နယ်အတွင်း ယခုတစ်ပတ် မတ်လ (၆) ရက်နေ့အထိ ညအပူချိန်များ လျော့နည်းနိုင်ပြီး ညနှင့်နံနက်အစောပိုင်းအချိန်များတွင် ဆက်လက်အေးမြနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထုတ်ပြန်ထားသည်။ခန့်မှန်းချက်အရ ရှမ်းပြည်နယ်တစ်ခုလုံးတွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး နေသာချိန်မှာ နံနက် ၅ နာရီမှ မွန်းလွဲ ၁၁ နာရီအတွင်း ရှိနိုင်သည်။ မတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းအချို့တွင် မိုးဖွဲအနည်းငယ် ကျနိုင်သော်လည်း ကျန်ဒေသအများစုတွင် မိုးရွာနိုင်ခြင်း မရှိနိုင်ကြောင်း သိရသည်။ယခင်တပတ်နှင့်မတူကွဲသော်လည်း နေ့အပူချိန်များမှာ မပြောင်းလဲသေးသော်လည်း ညအပူချိန်များ အနည်းငယ်မြင့်ကာ ညဘက်အေးချိန် လျော့နည်းမည်ဖြစ်သည်။


news-view-count-icon

22