back

ရှမ်းပြည်နယ်တောင်ပိုင်းတွင်လမ်းကြောင်းကြန့်ကြာမှုနှင့် ကုန်စိမ်းဈေးကွက်မတည်ငြိမ်မှုကြောင့် မုန်ညှင်းထုပ်များ လွင့်ပစ်နေရ

Mar 01 • 12:54 PM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်တောင်ပိုင်းတွင်လမ်းကြောင်းကြန့်ကြာမှုနှင့် ကုန်စိမ်းဈေးကွက်မတည်ငြိမ်မှုကြောင့် မုန်ညှင်းထုပ်များ လွင့်ပစ်နေရ

lရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်းတယ၊ ရွာငံ၊ ဟဲဟိုးနှင့် အောင်ပန်းမြို့နယ်များတွင် ယခုနှစ်အတွင်း မုန်ညှင်းထုပ် အထွက်နှုန်း ကောင်းမွန်သော်လည်း မြေပြန့်ဒေသသို့ ပို့...

lရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်းတယ၊ ရွာငံ၊ ဟဲဟိုးနှင့် အောင်ပန်းမြို့နယ်များတွင် ယခုနှစ်အတွင်း မုန်ညှင်းထုပ် အထွက်နှုန်း ကောင်းမွန်သော်လည်း မြေပြန့်ဒေသသို့ ပို့ဆောင်ရာတွင် လမ်းခရီးတစ်လျှောက် ကုန်စည်စီးဆင်းမှု ကြန့်ကြာခြင်း၊ စစ်ဆေးရေးဂိတ်များတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းနှင့် အခွန်အခများပြားခြင်းကြောင့် တောင်သူများ အရှုံးပေါ်နေသည်။ရှမ်းပြည်တောင်ပိုင်းရှိ ဒေသခံအများစုမှာ စိုက်ပျိုးရေးကိုသာ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် မှီခိုနေရသူများဖြစ်သည့်အလျောက် သီးနှံဈေးကွက် ပျက်စီးခြင်းသည် မိသားစု စားဝတ်နေရေးသာမက သားသမီးများ၏ ပညာရေးနှင့် လူမှုစီးပွားဘဝ တစ်ခုလုံးကိုပါ ရိုက်ခတ်မှုရှိနေကြောင်း သိရသည်။




news-view-count-icon

19