back

လီဝန်ဒေါစကီးရဲ့ ဘွန်ဒစ်လီဂါတစ်ရာသီသွင်းဂိုးအများဆုံးမှတ်တမ်းကို ကျော်ဖြတ်ဖို့ ဟာရီကိန်း ပစ်မှတ်ထား

Mar 01 • 7:05 AM

breaking-news

Myanmar

International

cover

လီဝန်ဒေါစကီးရဲ့ ဘွန်ဒစ်လီဂါတစ်ရာသီသွင်းဂိုးအများဆုံးမှတ်တမ်းကို ကျော်ဖြတ်ဖို့ ဟာရီကိန်း ပစ်မှတ်ထား

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းက လီဝန်ဒေါစကီးရဲ့ ဘွန်ဒစ်လီဂါတစ်ရာသီသွင်းဂိုးအများဆုံးမှတ်တမ်းကို ကျော်ဖြတ်ဖို့ ပစ်မှတ်ထားနေတယ်လို့ ဝန်ခံခဲ့ပါတယ်။ဟာရီကိန်း...

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းက လီဝန်ဒေါစကီးရဲ့ ဘွန်ဒစ်လီဂါတစ်ရာသီသွင်းဂိုးအများဆုံးမှတ်တမ်းကို ကျော်ဖြတ်ဖို့ ပစ်မှတ်ထားနေတယ်လို့ ဝန်ခံခဲ့ပါတယ်။ဟာရီကိန်းဟာ ဒေါ့မွန်နဲ့ကစားတဲ့ Der Klassiker ပွဲမှာ နှစ်ဂိုးသွင်းပြီးနောက် အခုရာသီ ၂၄ ပွဲကစား ဂိုး ၃၀ အထိ ရှိလာခဲ့တယ်။ဘွန်ဒစ်လီဂါသမိုင်းမှာ တစ်ရာသီသွင်းဂိုးအများဆုံးအဖြစ် လီဝန်ဒေါစကီးက ၂၀၂၀-၂၁ ရာသီမှာ ၄၁ ဂိုးနဲ့ စံချိန်တင်ထားခဲ့တာလည်းဖြစ်ပါတယ်။လီဝန်ဒေါစကီးရဲ့မှတ်တမ်းကို ပစ်မှတ်ထားနေသလားလို့ မေးမြန်းမှုကို ဟာရီကိန်းက ''အသေအချာပါပဲ။ ကျွန်တော့် ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေတယ်။ ပွဲတွေများစွာကစားဖို့ ကျန်နေသေးတယ်။ ကျွန်တော် ကြိုးစားဖို့လိုပြီး ဒီကာလမှာ

ခြေစွမ်းတစ်သမတ်တည်း ရှိရပါမယ်။ ဧပြီလနှောင်းပိုင်းနဲ့ မေလအစမှာ ဒါက ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ တွေ့ရလိမ့်မယ်''လို့ ပြောခဲ့ပါတယ်။ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါလေးပွဲဆက် နှစ်ဂိုးစီ သွင်းခဲ့ပြီး ရာသီပြီးဆုံးဖို့လည်း ပွဲစဉ် ၁၀ ပွဲ ကျန်နေပါသေးတယ်။၎င်းဟာ ဘိုင်ယန်အသင်းအတွက် အခုရာသီ ပြိုင်ပွဲစုံမှာ ၃၇ ပွဲကစား ၄၅ ဂိုး သွင်းယူထားပါတယ်။

news-view-count-icon

19