၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သော (၇၃) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲတွင် ထီဆုမဲပေါင်း ၃၆,၃၈၅ ဆုမှာ လက်ရှိအချိန်အထိ တောင်းခံခြင်းမရှိသေးကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက မတ်လ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ တောင်းခံခြင်းမရှိသေးသော ဆုမဲများတွင် ကျပ်သိန်း ၂၀၀ ဆု ၃ ဆု၊ ကျပ်သိန်း ၁၀၀ ဆု ၁ ဆုနှင့် အခြားဆုငယ်များစွာ ပါဝင်ပြီး၊ အဆိုပါဆုမဲများကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ရန်ကုန်နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆု ဌာနခွဲရုံးများတွင် လာရောက်တင်ပြတောင်းခံခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
| 25 | 0 | 0 | 0 |


