မန်စီးတီးအသင်းနည်းပြ ပက်ပ်ဂွါဒီယိုလာသည် လိဒ်စ်အသင်းနှင့်ပွဲတွင် ပရီးမီးယားလိဂ်က မွတ်ဆလင်ကစားသမားများအတွက် သတ်မှတ်ပေးထားသည့် ရမာဒန်ဥပုသ်လ အနားယူချိန် (Ramadan Break) ကို လှောင်ပြောင်ခဲ့သော လိဒ်စ်ပရိသတ်များ၏ လုပ်ရပ်အပေါ် ပြစ်တင်ဝေဖန်လိုက်သည်။ လိဒ်စ်-မန်စီးတီးပွဲစဉ် ပွဲချိန် ၁၃ မိနစ်တွင် မွတ်ဆလင်ကစားသမားများ ဥပုသ်ဖြေရန် ပွဲကို ခေတ္တရပ်နားခဲ့ချိန်၌ လိဒ်စ်ပရိသတ်များက လှောင်ပြောင်ခဲ့ခြင်းဖြစ်ပြီး၊ ဂွါဒီယိုလာက ခေတ်သစ်ကမ္ဘာကြီးတွင် ဘာသာရေးနှင့် မတူကွဲပြားမှုများကို လေးစားရန်လိုအပ်ကြောင်း ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အဆိုပါပွဲစဉ်တွင် မန်စီးတီးအသင်း၌ မွတ်ဆလင်ကစားသမားများဖြစ်သည့် မာမွတ်ရှ်၊ နူရီနှင့် ချာကီတို့ ပါဝင်ကစားခဲ့ကြောင်း သိရသည်။
Mar 01 • 4:39 AM
Myanmar
International
Share
| 18 | 0 | 0 | 0 |


