အယ်လ်နာဆာအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် အယ်လ်ဖေဟာအသင်းနှင့်ပွဲစဉ်တွင် ပယ်နယ်တီလွဲချော်ခဲ့ရုံသာမက ကြွက်သားဒဏ်ရာရရှိခဲ့သဖြင့် ပွဲချိန် ၈၁ မိနစ်တွင် လူစားလဲခံခဲ့ရကြောင်း သိရသည်။ ပွဲချိန် ၁၁ မိနစ်၌ ရရှိခဲ့သည့် ပယ်နယ်တီကို ရော်နယ်လ်ဒို လွဲချော်ခဲ့သော်လည်း အယ်လ်နာဆာအသင်းသည် မာနေ၊ ဂျော်အိုဖေးလစ်နှင့် ဟမ်ဒန်တို့၏ ဒုတိယပိုင်းဂိုးများဖြင့် နိုင်ပွဲဆက်ခဲ့သည်။ ဤပွဲတွင် ဂိုးမသွင်းနိုင်ခဲ့သဖြင့် ရော်နယ်လ်ဒို၏ လိဂ်ပွဲလေးပွဲဆက်တိုက် ဂိုးသွင်းနိုင်သည့်မှတ်တမ်းမှာ ရပ်တန့်သွားခဲ့သော်လည်း၊ အယ်လ်နာဆာအသင်းသည် ဆော်ဒီလိဂ်အမှတ်ပေးဇယားကို ၆၁ မှတ်ဖြင့် ဦးဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
Mar 01 • 4:46 AM
Myanmar
International
Share
| 15 | 0 | 0 | 0 |


