ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် အင်းလေးဒေသ နိုင်ငံခြားသားခရီးသွားဇုန် ဝင်ခွင့်ကောက်ခံခြင်းလုပ်ငန်းအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် လုပ်ကိုင်ခွင့်ကို လေလံစနစ်ဖြင့် ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါလုပ်ငန်းကို လာရောက်လေလံဆွဲလိုသူများအနေဖြင့် လျှောက်လွှာများကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁၃ ရက်အထိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ဝယ်ယူနိုင်ပြီး၊ လေလံဖွင့်လှစ်ခြင်းကို မတ်လ ၁၆ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ လေလံအောင်မြင်သူသည် ၂၀၂၆ ခုနှစ် မတ်လမှ ၂၀၂၇ ခုနှစ် မတ်လအထိ တစ်နှစ်တာကာလအတွင်း ဝင်ခွင့်ကြေးကောက်ခံခြင်းလုပ်ငန်းကို တာဝန်ယူဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို အစိုးရအဖွဲ့ရုံးရှိ စီမံနှင့်ဘဏ္ဍာရေးဌာနတွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
အင်းလေးဒေသ နိုင်ငံခြားသားခရီးသွားဇုန် ဝင်ခွင့်ကောက်ခံခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် လေလံခေါ်ယူ
Mar 01 • 3:53 AM
Myanmar
Shan
Share
| 14 | 0 | 0 | 0 |


