back

ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက အတည်ပြု

Mar 01 • 3:52 AM

breaking-news

Myanmar

International

cover

ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက အတည်ပြု

အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် အသက် ၈၆ နှစ်အရွယ်ရှိ အယာတိုလာ အလီခါမေနီ ကွယ်လွန်သွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက အတည်ပြုထုတ်ပြန်ခဲ့သော်လည်း သ...

အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် အသက် ၈၆ နှစ်အရွယ်ရှိ အယာတိုလာ အလီခါမေနီ ကွယ်လွန်သွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက အတည်ပြုထုတ်ပြန်ခဲ့သော်လည်း သေဆုံးရသည့်အကြောင်းရင်းကိုမူ တရားဝင်ဖော်ပြခြင်းမရှိသေးပေ။ ခါမေနီသည် အီရန်တော်လှန်ရေးခေါင်းဆောင် ရူဟောလာ ခိုမေနီ၏ ဆက်ခံသူအဖြစ် အသက် ၅၀ အရွယ်တွင် စတင်တာဝန်ယူခဲ့ပြီး ၎င်း၏သက်တမ်းအတွင်း အီရန်နိုင်ငံ၏ နိုင်ငံရေးနှင့် စစ်ရေးအာဏာများကို ၎င်းတစ်ဦးတည်း ဗဟိုပြု၍ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သူဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခါမေနီ၏ ကွယ်လွန်မှုကို အကြောင်းပြု၍ အီရန်ပြည်သူများအနေဖြင့် ၎င်းတို့၏နိုင်ငံကို ပြန်လည်ရယူရန် တိုက်တွန်းလှုံ့ဆော်ခဲ့ကြောင်း သိရသည်။

news-view-count-icon

20