ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်းအတွင်း၌ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရန်အတွက် အဆင့်မြင့်ရေကူးကန် တည်ဆောက်ပြီးစီးမှုအပြင် သင်တန်းသားအိပ်ဆောင်၊ မိုးလုံလေလုံ အားကစားရုံနှင့် အခြေခံအဆောက်အအုံများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် စတင်တည်ဆောက်နေပြီဖြစ်သည်။ သိပ္ပံကျောင်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ပေ ၁၂၀ x ၉၀ ရှိ မိုးလုံလေလုံ အားကစားရုံ၊ RC သုံးထပ် အိပ်ဆောင်၊ လျှပ်စစ်မီးလိုင်းများ၊ ကျောင်းအဝင်မုဒ်ဦးနှင့် အုတ်တံတိုင်းများ တည်ဆောက်လျက်ရှိပြီး၊ ယခင်ဘဏ္ဍာရေးနှစ်က တည်ဆောက်ပြီးစီးခဲ့သည့် မီတာ ၅၀ အဆင့်မြင့်ရေကူးကန်တွင်လည်း နွေရာသီရေကူးသင်တန်းများ စတင်ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
Mar 01 • 3:50 AM
Myanmar
Ayeyarwady
Share
| 25 | 0 | 0 | 0 |


