မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရားကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖေဖော်ဝါရီ ၂၈ ရက်က လက်တွေ့မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ညောင်ဦးမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ဘုရားဂေါပကများ၊ လုံခြုံရေးဝန်ထမ်းများနှင့် ဈေးသည်များအား မီးသတ်ဆေးဘူး အသုံးပြုပုံ၊ 191 Report Mobile Application မှတစ်ဆင့် သတင်းပေးပို့ပုံနှင့် မီးဘေးအသိပညာပေးခြင်းများကို ရှင်းလင်းပြသခဲ့ကြသည်။ ထို့ပြင် ဘုရားဝန်းအတွင်းရှိ မီးဘေးကာကွယ်ရေးပစ္စည်းများ ကြံ့ခိုင်မှုနှင့် ရေသိုလှောင်ထားရှိမှု အခြေအနေများကိုလည်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပုဂံရှိ အလိုတော်ပြည့်ဘုရားကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်
Mar 01 • 2:52 AM
Myanmar
Mandalay
Share
| 15 | 0 | 0 | 0 |


