ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးနှင့် ပြတ်လပ်မှုမရှိစေရေးအတွက် စားသုံးဆီတင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများ၏ သိုလှောင်ကန်များရှိ မြေပြင်လက်ကျန်အခြေအနေများကို စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၈ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဇော်တို့ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် ဆီဖြန့်ဝေရာတွင် လျော့နည်းမှုမရှိစေရေးနှင့် အချိန်အတွယ်အလေးချိန် မှန်ကန်စေရေးကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
| 21 | 0 | 0 | 0 |


