ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ ရင်ဆိုင်နေရသည့် လျှပ်စစ်မတည်ငြိမ်မှုနှင့် ငွေပေးချေမှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းပေးရန်အတွက် SEC Solar ကုမ္ပဏီနှင့် UAB ဘဏ်တို့သည် ဖေဖော်ဝါရီ ၂၈ ရက်က ပုသိမ်ဟိုတယ်၌ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ဤပူးပေါင်းဆောင်ရွက်မှုသည် ဆိုလာစွမ်းအင်သုံးစနစ်များမှတစ်ဆင့် လုပ်ငန်းစရိတ်လျှော့ချရန်နှင့် ထုတ်လုပ်မှုတိုးတက်စေရန် ရည်ရွယ်ပြီး၊ ဘဏ်နှင့်ပူးပေါင်း၍ ငွေပေးချေမှုအပိုင်းတွင်လည်း လုပ်ငန်းရှင်များအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်စေမည့် အစီအစဉ်များ ထည့်သွင်းထားကြောင်း သိရသည်။
MSME လုပ်ငန်းရှင်များ၏ လျှပ်စစ်နှင့် ငွေကြေးအခက်အခဲများ ဖြေရှင်းရန် SEC Solar ကုမ္ပဏီနှင့် UAB ဘဏ်တို့ MoU လက်မှတ်ရေးထိုး
Mar 01 • 2:49 AM
Myanmar
Local
Share
| 26 | 0 | 0 | 0 |


