မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၇ ရက်က ပုဂံမြို့ဟောင်း၊ တောင်ဘီကျေးရွာရှိ သီရိဇေယျဘူမိ ပုဂံရွှေနန်းတော်ကြီး နန်းတော်ရာ(သစ်) အဆောက်အဦသို့ သွားရောက်၍ မီးဘေးလုံခြုံရေးအတွက် ရှောင်တခင်စစ်ဆေးခဲ့ကြသည်။ မီးသတ်တပ်ဖွဲ့ဝင်များသည် နန်းတော်ရာအတွင်းရှိ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ၊ ရေသိုလှောင်ထားရှိမှုနှင့် မီးသတ်ယာဉ် ဝင်/ထွက်လမ်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည့်အပြင် ဝန်ထမ်းများအား မီးဘေးအန္တရာယ် အသိပညာပေးခြင်း၊ 191 Report Application အသုံးပြုပုံ ရှင်းလင်းခြင်းနှင့် မီးလောင်မှုဖြစ်ပွားပါက စနစ်တကျ ငြိမ်းသတ်နိုင်ရန် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 01 • 2:47 AM
Myanmar
Mandalay
Share
| 16 | 0 | 0 | 0 |


