အမေရိကန်နှင့် အစ္စရေးတို့၏ ယနေ့တိုက်ခိုက်မှုအတွင်း အီရန်အဓိပတိခေါင်းဆောင် အယာတိုလာအလီခါမေနီမှာ သေဆုံးသွားနိုင်ခြေ သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိသွားနိုင်သည်ဟု အစ္စရေးစစ်တပ်က ယူဆထားကြောင်း အစ္စရေးရုပ်သံ Channel 12 က ဖော်ပြခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံများအရ ခါမေနီ၏ စံအိမ်ဝင်းမှာ လုံးဝပျက်စီးသွားပြီဖြစ်ပြီး ၎င်းနှင့် ဆက်သွယ်မှုများ ပြတ်တောက်နေသော်လည်း အီရန်နိုင်ငံပိုင်မီဒီယာများကမူ ခါမေနီမှာ ဘေးကင်းရာတွင်ရှိနေပြီး မကြာမီ မိန့်ခွန်းပြောမည်ဖြစ်ကြောင်း တုံ့ပြန်ထားသည်။ အဆိုပါတိုက်ခိုက်မှုတွင် အီရန်ကာကွယ်ရေးဝန်ကြီးနှင့် IRGC တပ်မှူးအချို့ သေဆုံးနိုင်ကြောင်း အစ္စရေးဘက်က ယူဆနေသော်လည်း အီရန်ဘက်ကမူ သမ္မတနှင့် အဆင့်မြင့်အရာရှိကြီးများ သေဆုံးသည်ဆိုသည့် သတင်းများကို ငြင်းဆိုထားဆဲဖြစ်ကြောင်း သိရသည်။
Mar 01 • 2:46 AM
Myanmar
International
Share
| 17 | 0 | 0 | 0 |


