အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးတင်းမာမှုအခြေအနေများကြောင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရောက် မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံစိတ်ချရသော နေအိမ်နှင့် အမိုးအကာများအောက်တွင်သာ နေထိုင်ကြရန် အဘူဒါဘီမြို့ရှိ မြန်မာသံရုံးက ဖေဖော်ဝါရီ ၂၈ ရက်တွင် အထူးသတိပေးချက် ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ အစ္စရေးနှင့် အမေရိကန်တို့က အီရန်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်မှလည်း UAE အပါအဝင် အိမ်နီးချင်းနိုင်ငံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ရှိလာနိုင်သည့်အတွက် မလိုအပ်ဘဲ အပြင်ထွက်ခြင်းနှင့် ခရီးသွားလာခြင်းများကို ရှောင်ကြဉ်ရန်နှင့် ဒေသန္တရအာဏာပိုင်များ၏ လမ်းညွှန်ချက်များကို အနီးကပ်စောင့်ကြည့်လိုက်နာရန် တိုက်တွန်းထားကြောင်း သိရသည်။
| 9 | 0 | 0 | 0 |


