back

မသန်စွမ်းသူများအပေါ် ထိခိုက်စေသည့် ပျက်လုံးများအတွက် မင်းသားအောင်ဇမ္ဗူ တောင်းပန်

Mar 01 • 2:44 AM

breaking-news

Myanmar

Yangon

cover

မသန်စွမ်းသူများအပေါ် ထိခိုက်စေသည့် ပျက်လုံးများအတွက် မင်းသားအောင်ဇမ္ဗူ တောင်းပန်

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့မှ ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦးအဖြစ် ဟာသလုပ်ကပြခဲ့မှုအပေါ် မသန်စွမ်းအဖွဲ့အစည်းများ၏ ကန့်ကွက်ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက်  မသန်စွမ်းသူ...

အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့မှ ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦးအဖြစ် ဟာသလုပ်ကပြခဲ့မှုအပေါ် မသန်စွမ်းအဖွဲ့အစည်းများ၏ ကန့်ကွက်ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက်  မသန်စွမ်းသူများအသင်းချုပ်နှင့် အသိပညာပေးတွေ့ဆုံပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် မသန်စွမ်းမှုအား ပျက်လုံးအဖြစ် အသုံးမပြုရန်နှင့် လူ့အခွင့်အရေးဆိုင်ရာ စာချုပ်များကို လေးစားလိုက်နာရန် တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြရာ မင်းသားအောင်ဇမ္ဗူက မိမိ၏လုပ်ရပ်ကြောင့် စိတ်မကောင်းဖြစ်ရကြောင်းနှင့် မရည်ရွယ်ဘဲ ဖြစ်သွားသည့်အတွက် ခွင့်လွှတ်ပေးရန် တောင်းပန်ခဲ့သည်။ ထို့ပြင် နောင်တွင် မိမိ၏ဇာတ်အဖွဲ့အတွင်း အသိပညာပေးမှုများ ဆောင်ရွက်သွားမည့်အပြင် မသန်စွမ်းသူများ၏ အခွင့်အရေးအတွက် အနာဂတ်တွင် အတူလက်တွဲဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

26