back

ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်အတွင်းရှိ ငလျင်ဒဏ်သင့် အားကစားကွင်းနှင့် အားကစားရုံများ ပြန်လည်ပြုပြင်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေး

Mar 01 • 2:43 AM

breaking-news

Myanmar

Mandalay

cover

ဒုတိယဝန်ကြီး ဦးထိန်လင်း နေပြည်တော်အတွင်းရှိ ငလျင်ဒဏ်သင့် အားကစားကွင်းနှင့် အားကစားရုံများ ပြန်လည်ပြုပြင်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်...

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ရေကူးကန်၊ ရွှေကြာပင်အားကစားကွင်းနှင့် ဒက္ခိဏသီရိမြို့နယ်အားကစားကွင်းများသို့ သွားရောက်၍ ပြန်လည်ပြုပြင်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဒုတိယဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိကွင်းအတွင်းရှိ VIP ပွဲကြည့်စင်၊ Synthetic ပြေးလမ်းနှင့် ရေကူးကန်များ ပြုပြင်ပြီးစီးမှု၊ ရွှေကြာပင်ကွင်းရှိ မြက်ခင်းပြင်နှင့် မိုးလုံလေလုံအားကစားရုံ အဆင့်မြှင့်တင်မှုများအပြင် ဒက္ခိဏသီရိကွင်း မြေညှိခြင်းလုပ်ငန်းများကို ကြည့်ရှုကာ လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရန်နှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

16