back

မန္တလေး၌ နတ်ပွဲရာသီအတွင်း သပြေပန်းများ ဈေးတက်

Mar 01 • 2:32 AM

breaking-news

Myanmar

Mandalay

cover

မန္တလေး၌ နတ်ပွဲရာသီအတွင်း သပြေပန်းများ ဈေးတက်

မန္တလေး၌ နတ်ပွဲရာသီရောက်ရှိလာမှုနှင့်အတူ ပွဲတော်ကာလအတွင်း သပြေပန်းဈေးနှုန်းများ နှစ်ဆကျော်အထိမြင့်တက်လာခဲ့ကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။တပေါင်းလ မိဆိုင်...

မန္တလေး၌ နတ်ပွဲရာသီရောက်ရှိလာမှုနှင့်အတူ ပွဲတော်ကာလအတွင်း သပြေပန်းဈေးနှုန်းများ နှစ်ဆကျော်အထိမြင့်တက်လာခဲ့ကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။တပေါင်းလ မိဆိုင်ဖဆိုင်ပွဲ၊ စစ်ပြန်ပွဲအပါအဝင် နယ်မြေဒေသအသီးသီး၌ နတ်ပွဲများပြုလုပ်သည့်ကာလဖြစ်ပြီး ကန်တော့ပွဲများ၊ သပြေပန်းများဖြင့်ပူဇော်ပသလေ့ရှိသည့် ရာသီလည်းဖြစ်သည်။သပြေပန်းများမှာ ပုံမှန်လက်ဆုပ်စည်းတစ်စည်းလျှင် ယခင်က ကျပ် ၇၀၀ ဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ၂,၀၀၀ မှ ၂,၅၀၀ ကျပ်ဝန်းကျင်အထိ ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

41