back

ရှမ်းပြည်နယ်၊သီပေါ ဘော်ကြိုဘုရားပွဲ ဘုရားဖူးလာရောက်လည်ပတ်သူနည်းပါးလျက်ရှိနေ

Mar 01 • 2:31 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊သီပေါ ဘော်ကြိုဘုရားပွဲ ဘုရားဖူးလာရောက်လည်ပတ်သူနည်းပါးလျက်ရှိနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်ဘော်ကြိုဘုရားပွဲတော်သို့ ဘုရားဖူးလာရောက်လည်ပတ်သူ နည်းပါးနေလျက်ရှိကြောင်း ဒေသခံ...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်ဘော်ကြိုဘုရားပွဲတော်သို့ ဘုရားဖူးလာရောက်လည်ပတ်သူ နည်းပါးနေလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ ဘော်ကြိုဘုရားဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ပြီးခဲ့သော ဖေဖော်ဝါရီ ၂၅ ရက်မှ စတင်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်များက ဘုရားဖူးလာရောက်သူအများအပြားရှိခဲ့ဖူးသော်လည်း ယခုနှစ်တွင် ဒေသတွင်းအခြေအနေများအရ လာရောက်သူနည်းပါးနေခြင်းလည်း ဖြစ်သည်။"ဒီကဒေသခံတွေတောင် တစ်နယ်နဲ့ တစ်နယ်သွားဖို့မလွယ်တော့ တခြားဒေသကလူတွေဆိုပိုဆိုးတာပေါ့၊ ဈေးသည်တွေတောင် သိပ်မလာကြဘူး၊ ဒေသခံဈေးသည်တွေလောက်ပဲရှိတာ၊ ဘုရားဖူးကတော့ အရမ်းကိုနည်းသွားတယ်"ဟု သီပေါမြို့ခံတစ်ဦးက ပြောသည်။

news-view-count-icon

14