back

ဧရာဝတီတိုင်း၊ဇလွန်ပြည်တော်ပြန်ဘုရား မြင်းပွဲ အတိုင်ခံရပြီး ပွဲပျက်

Mar 01 • 2:30 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်း၊ဇလွန်ပြည်တော်ပြန်ဘုရား မြင်းပွဲ အတိုင်ခံရပြီး ပွဲပျက်

ဧရာဝတီတိုင်း၊ဇလွန်မြို့မှာရှိတဲ့ ပြည်တော်ပြန်ဘုရားပွဲတော်ကာလ အတွင်းမှာ လောင်းကြေးနဲ့ ကစားကြတဲ့ မြင်းပြိုင်ပွဲကို မနေ့က ရဲဝင်ဖမ်းခဲ့တဲ့အတွက် မြင်းသမားတွေ၊ဒေသခံပွ...

ဧရာဝတီတိုင်း၊ဇလွန်မြို့မှာရှိတဲ့ ပြည်တော်ပြန်ဘုရားပွဲတော်ကာလ အတွင်းမှာ လောင်းကြေးနဲ့ ကစားကြတဲ့ မြင်းပြိုင်ပွဲကို မနေ့က ရဲဝင်ဖမ်းခဲ့တဲ့အတွက် မြင်းသမားတွေ၊ဒေသခံပွဲကြည့်သူတွေ ထွက်ပြေးခဲ့ကြရပါတယ်။"ဖမ်းတာမဟုတ်ဘူး။ မြင်းပွဲဖြစ်တဲ့ မြင်းလမ်းဘေးလယ်တွေ ပဲမနှုတ်ရသေးတော့ လယ်သမားကတိုင်တာ။ သတိလာပေးတာကို ဖမ်းတယ်ဆိုပြီး ပြေးကြတာ”လို့ မြင်းပိုင်ရှင်တဦးက ပြောပါတယ်။ပြည်တော်ပြန် ဘုရားပွဲတော်ကို ဘုရားဝန်းအတွင်းနဲ့ အံတော်လမ်းတလျှောက်မှာ ကျင်းပနေတာ ဖြစ်ပေမယ့် ဘုရားနောက်ဘက်ကွင်းထဲမှာ ပြေးလမ်းအဖြစ် မြေညှိပြီး လောင်းကြေးမြင့်တဲ့ ကစားပွဲတွေဖြစ်တဲ့ မြင်းပြိုင်ပွဲ၊ပိုက်ကျော်ခြင်းပွဲ နဲ့ ပင်နယ်တီပွဲတွေ လုပ်နေကြတာပါ။ဇလွန်မြို့ခံ လူမှုကူညီရေးလုပ်နေသူတဦးကလည်း မြင်းပွဲတွေကို ဝင်ဖမ်းတာ မဟုတ်ပဲ ခရိုင်ရဲတပ်ဖွဲ့က လာပိတ်ခိုင်းသွားတယ်လို့ အတည်ပြုပါတယ်။

news-view-count-icon

18