back

ထိုင်းမှာ အရင်နှစ်ကထက် အပူချိန်မြင့်မားမယ့်အတွက် အပူရှပ်နိုင်တယ်လို့ သတိပေး

Mar 01 • 1:57 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ အရင်နှစ်ကထက် အပူချိန်မြင့်မားမယ့်အတွက် အပူရှပ်နိုင်တယ်လို့ သတိပေး

ဒီနှစ်မှာ အပူချိန်က ယမန်နှစ်ကထက် ပိုမိုမြင့်မားလာမယ့်အတွက် ပြည်သူတွေ၊ အထူးသဖြင့် နာတာရှည်ရောဂါသည်တွေနဲ့ ပြင်ပလုပ်သားတွေ အနေနဲ့ အပူရှပ်ခြင်းအန္တရာယ်ကို သတိပြုကြဖ...

ဒီနှစ်မှာ အပူချိန်က ယမန်နှစ်ကထက် ပိုမိုမြင့်မားလာမယ့်အတွက် ပြည်သူတွေ၊ အထူးသဖြင့် နာတာရှည်ရောဂါသည်တွေနဲ့ ပြင်ပလုပ်သားတွေ အနေနဲ့ အပူရှပ်ခြင်းအန္တရာယ်ကို သတိပြုကြဖို့ ထိုင်းအစိုးရက တိုက်တွန်းထားပါတယ်။ Mae Hong Son ၊ Lampang နဲ့ Tak အစရှိတဲ့ ပြည်နယ်တွေမှာ အပူချိန် ၄၂ ကနေ ၄၃ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိလာနိုင်တဲ့အတွက် အပြင်ဘက်မှာ အချိန်ကြာမြင့်စွာ နေထိုင်တာကို ရှောင်ကြဉ်သင့်တယ်လို့ အစိုးရလက်ထောက်ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အပူရှပ်ခြင်းကို ကာကွယ်ဖို့အတွက် မနက် ၁၁ နာရီကနေ နေ့လယ် ၃ နာရီအတွင်း အပြင်ထွက်တာကို ကန့်သတ်ဖို့၊ ရေခဏခဏသောက်ဖို့နဲ့ သက်တောင့်သက်သာရှိမယ့် အဝတ်အစားတွေကို ဝတ်ဆင်ဖို့ အကြံပြုထားပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ နှလုံးနဲ့ အဆုတ်ရောဂါလိုမျိုး နာတာရှည်ရောဂါရှိသူတွေ၊ အဝလွန်သူတွေနဲ့ ပြင်ပမှာ အလုပ်လုပ်ကိုင်သူတွေဟာ အပူရှပ်နိုင်ခြေ အများဆုံး အုပ်စုတွေ ဖြစ်ပါတယ်။အပူရှပ်ခြင်းဆိုတာ ခန္ဓာကိုယ် အလွန်အမင်း ပူပြင်းလာပြီး အရေးကြီးတဲ့ စနစ်တွေကို ထိခိုက်စေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပူပြင်းတဲ့ နေရာတွေမှာ အချိန်ကြာမြင့်စွာ နေထိုင်တာကို ရှောင်ကြဉ်ဖို့၊ အရက်သေစာ သောက်စားတာကို ရှောင်ရှားဖို့နဲ့ အထူးသဖြင့် ကလေးငယ်တွေကို ကားထဲမှာ တစ်ယောက်တည်း ထားရစ်ခဲ့တာမျိုး မလုပ်ဖို့ ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်း သတိပေးထားပါတယ်။

news-view-count-icon

17