back

အိန္ဒိယ ယူ-၁၇ အသင်းနဲ့ သုဝဏ္ဏကွင်းကြီးထဲမှာ လေ့ကျင့်ရေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည့်မြန်မာ ယူ-၁၇

Mar 01 • 1:55 AM

breaking-news

Myanmar

Local

breaking-news
cover

အိန္ဒိယ ယူ-၁၇ အသင်းနဲ့ သုဝဏ္ဏကွင်းကြီးထဲမှာ လေ့ကျင့်ရေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည့်မြန်မာ ယူ-၁၇

အာရှခြေစစ်ပွဲကို အောင်မြင်စွာကျော်ဖြတ်ထားနိုင်ခဲ့တဲ့ မြန်မာ ယူ-၁၇ (U-17) အသင်းဟာ ပြိုင်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ အိန္ဒိယ ယူ-၁၇ အသင်းနဲ့ သုဝဏ္ဏကွင်းကြ...

အာရှခြေစစ်ပွဲကို အောင်မြင်စွာကျော်ဖြတ်ထားနိုင်ခဲ့တဲ့ မြန်မာ ယူ-၁၇ (U-17) အသင်းဟာ ပြိုင်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ အိန္ဒိယ ယူ-၁၇ အသင်းနဲ့ သုဝဏ္ဏကွင်းကြီးထဲမှာ လေ့ကျင့်ရေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမှာပဲ ဖြစ်ပါတယ်။ပွဲစဉ်အချိန်ဇယားများမှာ-

* ပထမခြေစမ်းပွဲ 🗓 ၃ ရက်၊ မတ်လ ၂၀၂၆

🕖 ည ၇:၀၀ နာရီ

* ဒုတိယခြေစမ်းပွဲ

🗓 ၅ ရက်၊ မတ်လ ၂၀၂၆

🕕 ညနေ ၆:၀၀ နာရီ

ပွဲကျင်းပမည့်နေရာနှင့် ဝင်ကြေး

ဒီပွဲစဉ်တွေကို ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ဘောလုံးပရိသတ်တွေအတွက် အထူးသတင်းကောင်းကတော့ ဝင်ကြေး အခမဲ့ 🎟🆓 ဖြစ်တာကြောင့် ကွင်းထဲအထိ လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။တိုက်ရိုက်ကြည့်ရှုနိုင်မည့်နေရာများ (Live)အနေဖြင့်ကွင်းထဲကို ကိုယ်တိုင်မလာနိုင်တဲ့ ပရိသတ်တွေအတွက်လည်း အိမ်ကနေ အားပေးလို့ရအောင် တိုက်ရိုက်ထုတ်လွှင့်ပေးသွားဦးမှာပါ။

* Live TV: Readers Channel 📺

* YouTube: Pyone Play Sports 📱တို့မှာပြသသွားမှာလည်းဖြစ်ပါတယ်။




news-view-count-icon

16