ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မန္တလေး-ရန်ကုန် (အပြန်လမ်း)ပေါ်ရှိ ငလျင်ဒဏ် ကြောင့်ပျက်စီးခဲ့သော ဆွာချောင်းတံတားအသစ်ပြန်လည်တည်ဆောက်ခြင်းအပါအဝင် လမ်းပြင်ဆင်နေသည့်နေရာများ၌ ယာဉ်မောင်းများ အရှိန်လျှော့မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားကြောင်း သိရသည်။အမြန်လမ်း အသုံးပြုသည့်ယာဉ်မောင်းများအနေဖြင့် ယင်းမိုင်တိုင်များအနီး ချဉ်းကပ်စဉ်၌ သတိပြု၍ အရှိန်လျှော့ မောင်းနှင်ကြပါရန်အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားခြင်းဖြစ်ကြောင်း သိရသည်။အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် (၁၆၅/၁)နှင့် (၁၆၅/၃) အတွင်းဆွာချောင်းတံတား (မန္တလေး-ရန်ကုန်)အပြန်လမ်းအား တံတားသစ်တည်ဆောက်ခြင်း၊ မိုင်တိုင်အမှတ် (၁၈၈/၂)နှင့် (၁၈၈/၃)ကြား (မန္တလေး-ရန်ကုန်) အပြန်လမ်းတွင် ရေပြွန်တူးဖော် ပြုပြင်ခြင်းနှင့် မိုင်တိုင်အမှတ်(၃၄၉/၆)နှင့်(၃၄၉/၇)အတွင်း(ရန်ကုန်-မန္တလေး) အသွားလမ်း၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 01 • 1:53 AM
Myanmar
Local
Share
| 23 | 0 | 0 | 0 |


