ရှမ်းပြည်တောင်ပိုင်း ပင်းတယ၊ ရွာငံ၊ ဟဲဟိုးနှင့် အောင်ပန်းမြို့များတွင် ရာသီပေါ် မုန်ညှင်းထုပ်များ ဈေးအဆမတန် ကျဆင်းနေသောကြောင့် လွှင့်ပစ်နေရပြီး တောင်သူများ အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး ရှမ်းပြည်တောင်ပိုင်းတွင် ရာသီအလိုက် စိုက်ပျိုးထွက်ရှိသည့် မုန်ညှင်းထုပ် တစ်ပိဿာလျှင် ငွေကျပ် (၂၀၀) မှ (၃၀၀) အထိသာ ပွဲစားများက ဈေးနှိမ် ဝယ်ယူနေပြီး တောင်သူများအတွက် အရင်း မကျန်သည်အထိ အရှုံးပေါ်နေခြင်းကြောင့် မုန်ညှင်းထုပ်များကို လွှင့်ပစ်နေရသည်။ထို့ကြောင့် မုန်ညှင်းထုပ် စိုက်ပျိုးသူများသည် ငွေကျပ်သိန်း (၅၀) ရင်းလျှင် သိန်း(၂၀) ဝန်းကျင်ခန့်သာ ပြန်ရသောကြောင့် တောင်သူများ အရှုံးပေါ်နေကြတာ ဖြစ်ပါသည်။
Mar 01 • 1:47 AM
Myanmar
Shan
Share
| 18 | 0 | 0 | 0 |


